
Description
အမှာစာ
ဤ -ပင်လုံလက်စွဲ- အား ကိုးကားကိုင်စွဲရမည့်စာတမ်းတစ်ခုအဖြစ်ပုံနှိပ် ထုတ်ဝေရခြင်းနှင့်ပတ်သက်၍ပြုစုရေးသားရသည့်အခြေခံရည်ရွယ်ချက်များအပြင် တာဝန်ယူဆောင်ရွက်ရန်ပြင်ဆင်လာခဲ့ကြသည့်အဆင့်ဆင့်သောအစည်းအဝေး များနှင့်တာဝန်ယူဆောင်ရွက်လာခဲ့ကြသော နောက်ခံဖြစ်စဉ်အကျဉ်းအားအများ သိရှိနိုင်ရန်လိုအပ်မည်ဟု ယူဆရသည့်အတွက်ဤအမှာစာကို ရေးသားရခြင်း ဖြစ်ပါသည်။
အမှန်စင်စစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ၂၀၁၅ခု၊နိုဝင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲ၌ တခဲနက်အနိုင်ရရှိပြီးသည့်နောက်အစိုးရစတင် ဖွဲ့စည်းပြီးသည့်အခါ (NLD) အစိုးရလက်ထက်ပထမအကြိမ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပခြင်းမပြုမီ(၂၁)ရာစုပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေး အစည်းအဝေးကျင်းပရန်ထုတ်ပြန်ကျေညာခဲ့ပါသည်။ ထိုသို့(၂၁)ရာစုပင်လုံဟု သုံးနှုန်းထားသည့်အပေါ် ပင်လုံနှင့်စပ်ဆိုင်သော ကတိကဝတ်၊ ပင်လုံစိတ်ဓါတ် နှင့်ပင်လုံသဘောတူညီချက်များ၏ မူရင်းအကြောင်းခံအဓိပ္ပါယ်၊ဆိုလိုရင်းများနှင့် စပ်လျဉ်း၍ မူလပင်လုံပိုင်ရှင်များဖြစ်ကြသော ရှမ်း၊ ချင်းနှင့်ကချင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှခေါင်းဆောင်များအကြား ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ(၂၁-ရာစုပင်လုံ) အား ကြိုဆိုထောက်ခံခြင်းနှင့်ကိုးကားကိုင်စွဲရမည့် ပင်လုံလက်စွဲမူစာတမ်းတစ်ခု ပြုစုရေးသားပုံနှိပ်ထုတ်ဝေရန်အမြင်သဘောရှိ သည့်အပေါ် ပင်လုံဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို၂၀၁၆ ခုနှစ်၊ ဇွန်လ (၇-၈) ရက်နေ့များတွင်ခေါ်ယူကျင်းပခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးမှ ဆုံးဖြတ် ချက်(၁၃) ချက်ကို ချမှတ်ခဲ့ကြရာ ဆုံးဖြတ်ချက်အမှတ်(၁၃) တွင်အောက်ပါ အတိုင်း ဆုံးဖြတ်ထားပါသည်။
- အစိုးရမှ ဖိတ်ခေါ်သည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁-ရာစု ပင်လုံ)အားကြိုဆိုထောက်ခံကြောင်း၊ပင်လုံစိတ်ဓါတ်၊ပင်လုံကတိကဝတ် နှင့်ပင်လုံအနှစ်သာရနှင့်အညီကျင်းပသွားနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း၊ ပင်လုံစာချုပ်မူလပိုင်ရှင်များ ဖြစ်သည့်အားလျော်စွာ ရှမ်း၊ ချင်း၊ ကချင်ခေါင်းဆောင်များ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၇-၈) ရက်များတွင်ပင်လုံ ဆိုင်ရာ အစည်းအဝေးကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်သွားရန်- စသည်တို့ပါဝင်ပါသည်။
တဖန်အဆိုပါပင်လုံဆိုင်ရာအစည်းအဝေးမှဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် ပြင်ဆင်ရေးကော်မတီမှ၂၀၁၆ ခုနှစ်၊ ဇွန်လ(၂၈) ရက်တွင်ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတစ်ရပ်ခေါ်ယူကျင်းပပြီး ပင်လုံလက်စွဲစာတမ်းကို အချော သပ်ရေးသားပြုစုရန် Pyidaungsu Institute (PI), Ethnic Nationalities Affairs Center (ENAC), Kachin Political Consultative Team (KPCT) တို့အား တာဝန်ပေးအပ်ပြီး ခွန်းမားရ်ကိုဘန်၊ ကိုညီမိုးနှင့်ဦးလျန်အုပ်တို့အား အထောက် အကူပြု ပညာရှင်များအဖြစ်ဆုံးဖြတ်ခဲ့ပါသည်။ ထိုစာတမ်းနှင့်ပတ်သက်ပြီး၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်တွင်ကျင်းပခဲ့သည့် EAOs မျက်နှာစုံညီ အစည်းအဝေး ပြင်ဆင်ရေးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်း အဝေး၌ EAOs တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို-ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁-ရာစုပင်လုံ) အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးရေးနှင့်အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက်ဘုံရပ်တည်ချက်များ ချမှတ်ရေး- ဟူသော ရည်ရွယ်ချက်ဖြင့်အဖွဲ့ဝင် (၁၀) ဦးပါ (EAOs Plenary Meeting) ကျင်းပရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ ကချင်ပြည်၊ မိုင်ဂျာယန်တွင်၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၆-၂၉) ရက်များတွင်ကျင်းပသွားရန်ထပ်မံဆုံးဖြတ်ခဲ့ပါသည်။ ထို့အပြင်ပင်လုံလက်စွဲစာတမ်းမူကြမ်းနှင့်ပတ်သက်ပြီး ENAC ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူဇိုသုန်းမှုန်အား ရေးသားပြုစုရန်နှင့်review ပြုလုပ်ရန်ခွန်းမားရ် ကိုဘန်၊ဆရာခွန်ဆိုင်း၊ဗိုလ်မှူးကြီးဆေအွမ်၊ဆရာလရှီးလနှင့်စိုင်းညီညီမိုးတို့အား တာဝန်ပေးအပ်သွားရန်ဆုံးဖြတ်ခဲ့ပြန်ပါသည်။ ရည်ရွယ်ချက်မှာ မိုင်ဂျာယန်တွင် ကျင်းပမည့် (EAOs Plenary Meeting) တွင်အများသဘောတူညီချက်ဖြင့် အတည်ပြုသွားရန်ဖြစ်သော်လည်း အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင်ထပ်မံဖြည့်စွက်မှုများ ပိုမိုပြည့်စုံစေရန်လိုအပ်နေသေးသည်ဟုအများမှသဘောထားရှိသည့်အတွက် အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။
သို့ဖြစ်၍ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၈-၉) ရက်နေ့တွင်ကျင်းပသောတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ထိပ်သီးခေါင်းဆောင်များအစည်း အဝေးက (၁၀) ဦးပါ အဖွဲ့တစ်ဖွဲ့အား ထပ်မံတာဝန်ပေးအပ်ပြီး အပြီးသတ်ပြုစု ရေးသားထုတ်ဝေသွားရန်လမ်းညွန်ထားချက်နှင့်အညီဤ -ပင်လုံလက်စွဲ- စာတမ်းအား ၂၀၁၈ ခုနှစ်၊ ဇွန်လ(၄) ရက်နေ့တွင်EAOsထိပ်သီးခေါင်းဆောင်များ ပါဝင်သည့်အစည်းအဝေးတွင်တညီတညွတ်တည်း အတည်ပြုခဲ့ပါ သည်။ RCSS ခေါင်းဆောင်၏ အကြံပြုချက်အရ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုသွားရန် လည်း အစီအစဉ်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
ခူးဦးရယ်
ပင်လုံလက်စွဲပြုစုရေးအဖွဲ့(ခေါင်းဆောင်)
၂၀၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့။
Additional information
| Author | |
|---|---|
| Format | |
| Language | |
| Year Published |
You must be logged in to post a review.




Reviews
There are no reviews yet.