
Description
ဤစာအုပ်ကို၁၉၉၈ ခုနှစ်တွင်ထုတ်ဝေရန်ပြင်ဆင်ခဲ့ပါသည်။ ထိုစဉ်က မိမိဆန္ဒကို နှိုးဆွပေးသောအချက်နှစ်ချက်ရှိပါသည်။ ပထမအချက်မှာ ဒီမိကရေစီ အရေးတော်ပုံကြီး၏ (၁ဝ) နှစ်မြောက်အထိမ်းအမှတ်အဖြစ်မိမိရေးသားပြုစုသမျှ စာတမ်းများနှင့် မိန့်ခွန်းများကို ပေါင်းချုပ်ထုတ်ဝေချင်သော ဆန္ဒဖြစ်ပါသည်။ မိမိဖြတ်သန်းခဲ့သော ကျောင်းသားနိုင်ငံရေးဘဝ၏ ပုံရိပ်များကို ပြန်လည်ဖမ်းဆုပ်ချင်သောစိတ်ဖြင့် မိမိ ရေးခဲ့သမျှ စာရွက် စာတမ်းများကို ပြန်လည်စုစည်းထုတ်ဝေရန်စိတ်ကူးမိခြင်းဖြစ် ပါသည်။
ဒုတိယအချက်မှာ ထိုစဉ်က ရေးသားပြုစုနေသော ပါရဂူကျမ်းပြီးစီးခါနီးဖြစ်၍ကျောင်းပြီး လျှင်ဘာလုပ်မည်နည်းဟု မိမိကိုယ်ကိုမိမိဆန်းစစ်ချင်သော စိတ်ဖြင့်ရေးသားခဲ့သမျှ နိုင်ငံရေးစာတမ်းများကို စုစည်းခဲ့ခြင်းဖြစ်ပါသည်။ မိမိဆန္ဒအမှန်ကိုဝနခ် ပါကံ ပါရဂူဘွဲ့ရပြီး လျှင် တက္ကသိုလ် ပရ၀ုဏ်တွင် ဘ၀တသက်တာလုံး ငြိမ်းချမ်းစွာ ကျင်လည်ချင်မိ ပါသည်။ တက္ကသိုလ်နည်း ပြဆရာဘဝကိုမက်မောမိခဲ့ပါသည်၊ စာသင်သည့်ကထိကအလုပ်ကိုနှစ် ခြိုက်စွာခုံမင်မိပါသည်။ ပါမောက္ခလုပ်ပြီး သုတေသီဘဝဖြင့်တသက်လုံး ရပ်တည်နိုင်ပါက “လောကနိဗ္ဗာန်တည်ဆောက်ခြင်း” ပဲဟုစိတ်ကူးယဉ်ခဲ့မိပါသည်။ ထိုအရာအားလုံးကိုလုပ်ကိုင်ပျော်မွေ့ရန်အခွင့်အခါကြုံလာလေပြီ။ သို့ရာတွင်မိမိဆန္ဒ၏အခြားတဖက်တွင် တော်လှန် ရေးတာဝန်ရှိနေသေးသည်ဟုလည်းခံစား
ခဲ့မိပါသည်။
မိမိတို့ကျောင်းသားများ စတင်ခဲ့သော ဒီမိုကရေစီအရေးတော်ပုံကြီး အပြီးသတ် အောင်ပွဲမဆင်နိုင်သေး။ ထိုစဥ်ကမိမိ ၏သူငယ်ချင်း ကျောင်းသားရဲဘော်များ တချို့ထောင်ထဲမှာရှိနေသေးသည်။ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားဘဝတလျှေက် လက်တွဲလာခဲ့သော ကိုဌေးသိန်း၊ ဒေါက်တာဇော်မင်းနှင့် ကိုနေဝင်း (တိ-မွေး-ကု)တို့ကိုအထူးသတိရမိသည်။ သူတို့သုံးယောက်စလုံးသည်တရားမရှိသော စစ်ခုံရုံး၏ တရားသူကြီး များစီရင်ချက် ဖြင်ထောင်နန်း အနှစ် (၂ဝ) စီစံနေခဲကြပါသည်။ ထို့အပြင် မိမိ နှင့်အတူတူ ဖမ်းဝရမ်းထုတ် ခြင်းခံရသော UNLD မှလုပ် ဖော်ကိုင်ဖက် ဦးသာဘန်း နှင့်ဦးအေးသာအောင်တို့လည်း ထိုစဥ်က ထောင်ထဲမှာ ပင်ရှိနေကြသေးသည်။ တချို့ သူငယ်ချင်း က စစ်အစိုးရကိုဖြုတ်ချရန် တောင်လှန်ရေးဆင်နွှဲ နေကြဆဲဖြစ်ပါသည်။ ကျနော့်သူငယ်ချင်း Thomas Thangnou, Zing Cung, Roger Biak Lian, Dr. Sui Khar, Khua Uk Lian, Ral Hnin, Thang Zen, Victor Biak Lian, Salai Bawi Lian Mang နှင့်အခြား CNF ရဲဘောများ တော်လှန် ရေးစစ်မြေပြင်တွင် တိုင်းပြည်နှင့် လူမျိုးကိုအလုပ် အကျွေးပြုနေကြပါသည်။ ကျောင်းနေဖက်သူငယ်ချင်း တချို့ကတော့ တော်လှန်ရေးအတွက်အသက်ပေးသွားကြလေပြီ။ တော်လှန်ရေးတွင်ကျဆုံးသွားရှာပြီ ဖြစ်သော Salai Sang Za Hmung, Salai Thawng Lian Piang, Salai Sang Hlun, Salai That Ci နှင့်Salai Uk Lian Thang စသည့်သူငယ်ချင်းများကိုသတိရမိသည်။
တော်လှန်ရေးတာဝန်နှင့် မိမိဖြစ်ချင်သော ဆန္ဒနှစ်ခုအကြား ဝေခွဲမရဖြစ်ခဲ့မိသည်။ ထို့ကြောင့် ကျောင်းပြီးရင်ဘာလုပ်မလဲဟု ထိုကာလတွင်စိတ်ပိုင်းဖြတ်မရ ဖြစ်ခဲ့မိပါသည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့်စာအုပ်မထုတ်ဖြစ်ပါ။ ပထမအကြောင်းမှာမိမိ ရေးသမျှ စာရွက်စာတမ်း များကိုပြန်လည် စုစည်း၍ မရသော ပြဿနာဖြစ်ပါသည်။ ပြည်ပြေးဘဝဖြင့် ပြည်တွင်းတွင်ရေးသားခဲ့သော စာရွက်စာတမ်းများကို ပြန်လည်စုစည်းရန်မလွယ်ကူ ခဲ့ပါ။ ကြိုးစားပြီး ရှာဖွေစုဆောင်းခဲ့သောလည်း မိမိရေးသားခဲ့သော စာတမ်းနှင့်ဆောင်းပါးများကိုသုံးပုံတပုံတောင်မှ ပြန်မစုနိုင်ခဲ့ပါ။ အထူးသဖြင့်ခံစားချက်အပြည့်၊ ယုံကြည်ချက် အတိဖြင့် ရေးသားခဲ့သော တချို့စာတမ်းများကိုပြန်လည် ၍ မစုစည်းနိုင်ခဲ့ပါ။ မိမိအနေဖြင့် မဆလတပါတီအာဏာရှင်စနစ်နှင့် ဗိုလ်နေဝင်း၏စစအာဏာရှင် စနစ်ကို အပြင်းထန်ဆုံး ဝေဖန်တိုက်ခိုက် သည့် “ဗိုလ်နေဝင်း၏ နောက် ဆုံးခံတပ်”၊ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး ဖက်ဒရယ်စနစ်ကို လက်မခံသော ဗမာနိုင်ငံရေးပါတီများကို စိန်ခေါ်သည့် “လူမျိုးစုများ ကမ်းသောလက်” နှင့်“ကမ်းသောလက်များ လက်သီးဆုပ်မဖြစ်ခင်” စသော စာတမ်းများကို ပြန်ရှာ၍ မရနိုင်ခဲ့ပါ။ ထို စာတမ်းများတွင်ဗိုလ်ချုပ်အောင်ဆန်း၏ လက်ကမ်းဖိတ်ခေါ်မှုကြောင့် တိုင်းရင်းသားလူမျိုးများက ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုပေါ်ပေါက်ခဲ့ ကြောင်း၊ သို့သော် တိုင်းရင်းသားလူမျိုးများက ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စု ကိုပြန်လည် ဖွဲ့စည်းရေးအတွက်တောင် ကြီးညီလာခံမှ ကမ်းသောလက်ကို ဗိုလ်နေဝင်းက ရိုင်းစိုင်းစွာ ပုတ်တုတ် ခဲ့ကြောင်း၊ ယခုရှစ် လေးလုံးအရေးတော်ပုံကာလတွင် မိမိတို့တိုင်းရင်းသားလူမျိုးများကစစ်မှန်သော ပြည်ထောင်စုစနစ်ဖြင် တိုင်းပြည်ကို ပြန်လည် ထူထောင်ရန်ဒုတိယအကြိမ်လက်ကမ်းလိုပါကြောင်း၊ သို့သော်မိမိတို့ကမ်းသောလက်ကို ခင်ဗျားတို့ ဗိုလ်နေဝင်းလိုပုတ်တုထ် ပါလျှင် ကမ်းသောလက်များ လက်သီးဆုပ်ဖြစ်သွားနိုင်ကြောင်း ဗမာနိုင်ငံရေးသမားများကိုစိန်ခေါ်ခဲ့သော စာတမ်းများနှင့်မိန့်ခွန်းများ ဖြစ်ပါသည်။ ထိုစာတမ်းများ ပြန်ရှာ၍ မရနိုင်တော့ပါ။
ဒုတိယအချက် မှာစာအုပ်မထုတ်နိုင်ခင်တော်လှန် ရေးစခန်းသို့ပြန်လည် ပြီး ဒီမိုကရေစီအရေးတော်ပုံကြီးကို အလုပ်အကျွေးပြုရန် စိတ်ပိုင်းဖြတ်ခဲ့သောကြောင့်စာအုပ်ထုတ်ခြင်းကိုဆိုင်းငံ့ခဲ့ရပါသည်။ ထိုသို ဒီမီုကရေစီ အရေးတော်ပုံကြီးဆီသို့ ပြန်လာရန် စတ်ပိုင်းဖြတ်စေသောအချက်များစွာရှိပါသည်။ ပထမအချက်မှာ အမိချင်းပြည်သူများကို တတ်နိုင်သည့်ဘက်မှ အလုပ်အကျွေးပြုချင်သောဆန္ဒကြောင့် ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကိုဖြုတ်ချပြီး ဒီမီကရေစီနှင့် လူ့အခွင့် အရေး အပြည်အဝရှိသော ချင်းလအဖွဲ့အစည်းများကိုထူထောင်ရာ၌ တတပ်တအားပါဝင်ချင် ပါသည်။ ပြည်ထောင်စုထဲမှ တန်းတူသော ချင်းပြည်ထူထောင်နိုင်ရေးအတွက်စစ်မှန်သောပြည်ထောင်စုစနစ်တည်ဆောက်ရေးတိုက်ပွဲတွင်ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပါဝင်ချင်ပါသည်။ ထိုဆန္ဒများကို၁၉၉၈ ဧပြီလ၌ CNF တွင်လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသောငယ်သူငယ်ချင်း Zing Cung နှင့် Dr. Sui Khar တို့နှင့်အတူ ကနေဒါနိုင်ငံတွင်ကျင်းပသောအစည်းအဝေးတခုတွင်ပြန်လည် ဆုံဆည်းရင်းရင်ဖွင့်ဆွေးနွေးခဲပါသည်။
ဒုတိယအချက်မှာ ပြည်ထောင်စုအတိုင်းအတာဖြင့်ဆင်နွှဲနေရသော ဒီမိုကရေစီအရေးတော်ပုံကြီးတွင်ချင်းအမျိုးသားတဦးအနေဖြင့်တတ်နိုင်သမျှ အလုပ်အကျွေးပြုချင်သောဆန္ဒဖြစ်ပါသည်။ ထိုဆန္ဒကိုရုတ်တရက် ပြန်လည် နှိုးဆော်ခဲ့သော အရာမှာရုပ်မြင်သံကြားဖန်သားပေါ်တွင် မမျှော်လင့်ဘဲ ရုတ်တရက်မြင်ခဲ့ရသည့် ရုပ်ပုံတခုကြောင့်ဖြစပါသည်။ ထိုစဥ်ကပါရဂူကျမ် အတွက်အလုပ်အလွန်များနေသဖြင့် ရုပ်မြင်သံကြားကို လည်းပုံံမှန် မကြည့် ဖြစ်ခဲ့ပါ။ သို့သော်တနေ့သော နေလည့် ခင်းအချန် တွင်နေ့လည်စာစားရင်း ဘီဘီစီသတင်းကိုဖွင့်ကြည့်မိပါသည်။ မမျှော်လင့်ပဲ ဒေါ်အောင်ဆန်းစုကြည်ပုံပေါ်လာပါသည်။ သူမ၏ ခရီးစဉ်တခုကို စစ်အစိုးရက ဟန့်တားပြီးတတားလေးတခု ပေါ်တွင်သမ၏ မော်တောကား နှစ်ရက်၊ သုံးရက်မျှပင် ရပ်ထားခဲ့ပြီဖြစ်ကြောင်း သတင်းက ဆိုပါသည်။ ထမင်းစားတာကိုရပ်ပြီး ကျနော့်အမျိုးသမီးနှင့်အတူ ရုပ်မြင်သံကြားရှေ့တွင်အချင်းချင်းဖက်ပြီး အကြာကြီး ရပ်နေမိခဲ့ပါသည်။သတင်းအပြီးတွင်ကျနော့်အမျိုး သမီးက “ဒေါ်စုကိုကျမတို့ပစ်မထားသင့်ဘူး။ မြန်မာ နိုင်ငံတနိုင်လုံးမှာ လူမရှိတော့ဘူးလား။ ဘာဖြစ့်လို့သူ့ ကိုတယောက်တည်း တံတားပေါ်မှာ ပစ်ထားနေကြတာလဲ” ဟုဝမ်းနည်းဒေါသစိတ်ဖြင့် ပြောရင်း သူမမျက်ရည်ကျခဲ့ပါသည်။ ထိုမိနစ်ပိုင်းအတွင်း မြင်ရသော ရုပ်မြင်သံကြားမြင်ကွင်းနှင့် ချစ်ဇနီး၏မျက်ရည်ကြောင့်ငါ … တော်လှန်ရေးထဲ ပြန်သွားသင့်သည်ဟုစဉ်းစားမိပါသည်။
သို့သော် တော်လှန် ရေးခရီးအစသို့တကယ်တမ်းပြန်လာရန် လမ်းစပြန်ဖွင့်ပေးခဲ့သူမှာ အန်ကယ်ယူဂျင်း (Dr. Chao Tzang Yawnghwe) နှင့် ဆရာဟန် (Harn Yawnghwe) တို့ပင်ဖြစ် ပါသည်။ နိုင်ငံရေးဒုက္ခသည် ဘဝဖြင့် ဆွီဒင်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ပြီးနောက်ဆရာဟန်က ကျနော့်ကိုစာရေးဆက်သွယ်လာပါသည်။ ပြည်တွင်းတွင်ကျနော်ရေးသားခဲ့သော စာတမ်းတချို့ ကိုဖတ်ဖူးကြောင်းနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသော “ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ ချုပ်” ကိုသဘောကျကြောင်းသူ့စာတွင် ဖော်ပြခဲ့ပါသည်။ ဆရာဟန်နှင့် ကျနော်အချင်းချင်း စာရေးဆက်သွယ်ပြီးနောက်၁၉၉၅ နွေရာသီတွင်သူကိုယ်တိုင်ကျနော်ကျောင်းတက်နေသော Uppsala မြို့သို့ရောက်ရှိလာပြီး ရှေ့ဆက်နိုင်ငံရေးဘာလုပ်ကြမလဲ ဆိုတာကို ဆွေးနွေးဖြစ်ကြပါသည်။ ထိုစဉ်က ဒေါက်တာစိန်ဝင်းဦးဆောင်သော “ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ” (NCGUB)၏ ဝန်ကြီးများ အစည်းအဝေးနှင့်၁၉၉ဝ ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော်အမတ် များ၏ ပထမဦးဆုံးအစည်းအဝေးကိုဆရာဟနက် ကမကထလပု ၍်ဆွီဒင်နို်င်ငံတွင်ကူညီကျင်းပ ပေးခဲ့ပါသည်။ ထို အစည်းအဝေးသို့ နှစ်ဦးစလုံးသွားရောက်ကူညီခဲ့ပါသည်။ ထိုမှတဆင့်၁၉၉၈ တွင်ဆရာဟန်၏ ရန်ပုံငွေရှာဖွေပံ့ပိုးကူညီ ဖြငှု ့်ပထမဦးဆုံး နငို င် ံတကာရောက်ချင်းအမျုးသားများ၏ နှီးနှောဖလှယ်ပွဲ (The First International Chin Seminar) ကိုကနေဒါနိုင်ငံ အောတဝါးမြို့၌ကျနော်ကိုတိုင်ကမကထပြု၍ ဦး ဆောင်ကျင်းပခဲ့ပြီး၊ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်မှုဖြင့် ချင်းအမျိုးသားများ၏ နိုင်ငံရေးစုရပ်ဖြစ်သော Chin Forum ကိုပါ ဖွဲ့စည်းထူထောင်နိုင်ခဲ့ပါသည်။
ကျနော်တို့ခေါ်ယူကျင်းပခဲ့သော Chin Seminar ကိုမစခင်သုံးလေးရက်စော၍ Canadian Friends of Burma မှ ခေါ်ယူကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးနှီးနှောဖလှယ်ပွဲ (Burma Seminar) တရပ်ကိုအော်တဝါးမြို့၌ တိုက်တိုက်ဆိုင်ဆိုင်ကျင်းပခဲ့ပါသည်။ ထို့ကြောင့်Burma Seminar သို့တက်ရောက်လာကြသော ပြည်ပရောက်နိုင်ငံရေးခေါင်းဆောင်တော်တော်များများနှင့်တွေ့ဆုံရင်းနှီးခွင့်ရရခဲ့ပါသည်။ ထိုပွဲ၌အန်ကယ် ယူဂျင်းနှင့်ပထမဦးဆုံး တွေ့ဆုံ ရင်းနှီးခွင့်ရခဲပါသည်။ အစည်းအဝေးအပြီး ညနေခင်းတခုတွင်အန်ကယ်ယူဂျင်းနှင့် ကျနော်အချင်းချင်း မိတ်ဆက်ရင်းတထိုင်တည်း၌ သုံးနာရကြာမျှ စကားပြောဖြစခဲ့ကြသည်။ နောက်တနေ့ မနက်အစောကြီးကျနောတည်ခိုသည့် ဟိုတယ် သို့ ရောက်လာပြီး တမနက်လုံး – မနက်စာစားသည့် စားပွဲတွင်ထိုင်စကားပြောလိုက်သည်မှာ နေ့လည်စာ ထိုင်မှာစားသည့်အချိန်အထိ- ဖြစ်ပါသည်။ နောက် ၁၉၉၉ ခုနှစ် မေလတွင် Uncle Eugene, Harn, Jack တို့နှင့်အတူထိုင်း မြန်မာနယ်စပ်သို့ ခရီးအတူသွားဖြစ်ခဲ့ ကြသည်။ ဘန်ကောက်မြို့ တွင်အချင်းချင်းဆုံတွေ့ပြီး မဲဆောက်မြို့သို့ ခရီးအတူတူဆက်ဖြစ်ခဲ့ကြသည်။ လမ်းတလျှောက် ကားပေါ်တွင်အနကယ်ယူဂျင်းနှင့် ကျနော်တလမ်းလုံးနိုင်ငံရေး ဆက်လက်ဆွေးနွေးငြင်းခုံခဲ့ကြသည်။ အမှန်တော့ အော်တဝါးမြို့တွင်ဆုံဆည်းခဲ့စဉ်က ငြင်းခုံရင်း မပြီးပြတ်သေးသည့် နိုင်ငံရေးဆိုင်ရာ သမိုင်းကြောင်းတခုကို ဆက်လက်ငြင်းခုံနေခြင်းဖြစ်သည်။ ထိုခရီးစဉ်တွင် “အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ်” (National Reconciliation Program-NRP) ကိုကျနော်တို့ဖွဲ့စည်းနိုင်ခဲ့ပါသည်။
Read more by downloading the book at the download button:
Additional information
| Author | |
|---|---|
| Format | |
| Language | |
| Pages | 264 |
| Publisher | The Centre for Development and Ethnic Studies (CDES) |
| Year Published | |
| ISBN | 978-974-224-577-1 |
You must be logged in to post a review.
Related products
-
Lungput
kr 95,00Original price was: kr 95,00.kr 76,00Current price is: kr 76,00.A voi hnihnak namnak he pehtlai in Hi Lungput cauk hi 2009 ah Pi Sui Chin (Canada) bawmhnak in ka rak chuah. Duhtu le haltu tete an umpah caah mifim bia le hmanthlak zeimawzat siseh, mekazin dang i ka ṭialmi capar pahnih (Dehcawh, Baihaat Nunphung) ka chap i kan von nam ṭhan. Tutan zong hi khuatelei tlawmpeknak in a ka bawmtu nanmah thawng in ka chuah khawhnak hi a si. Bawmchantu nan dihlak cung ah kaa lawm. Zuarzamhnak in siseh, cawk le rel in siseh tha a ka petu nan dihlak cung ah lunglawmhnak chim buin... Joel Ling March 2020 Yangon -
Mimmei An Lo Khuadi An Tian
kr 57,00Original price was: kr 57,00.kr 38,00Current price is: kr 38,00.




Reviews
There are no reviews yet.